နေရာ

လူတွေဟာ ဘ၀အတွက် ပြည့်စုံမှုတွေ တောင့်တကြတယ်၊ တောင်းဆိုကြတယ်။ ကိုယ်လိုချင်တာတွေရပြီး ပြည့်စုံမှုတွေရှိသွားရင် ပျော်ရွှင်သွားကြလိမ့်မယ်လို့ထင်တယ်။ ဒါပေမဲ့ လူအများစုဟာ ကိုယ် ဘာဖြစ်ချင်တာလဲ၊ ဘာကို လိုချင်တာလဲဆိုတဲ့ ကိုယ့်ရဲ့ ခံစားမှုအစစ်အမှန်ကို နားလည်အောင် မကြိုးစားကြဘဲ လမ်းလွဲလိုက်ရင်း သူတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အလဟဿ ကုန်ဆုံးသွားခဲ့တယ်။ နားလည်ပါ ၊ ကြိုးစားတဲ့သူတိုင်းအတွက် နေရာတစ်နေရာ အမြဲရှိနေမှာပါ။ နေတတ်အောင် နေဖို့ လိုသလို နေချင်တဲ့နေရာ ဖြစ်ဖို့လည်း လိုတယ်လေ။

Monday, December 23, 2013

အမဲစက်လေးတစ်စက်

                                                                                                     ဆရာက အဖြူရောင်စက္ကူပေါ်မှာ   
အနက်ရောင်မှင်စက်လေးတခုကိုချပြပြီး ကျောင်းသားတစ်ယောက်ကိုမေးတယ် ဘာမြင်လည်းဖြေတဲ့။ ကျောင်းသားတွေကလည်း အမဲစက်လေးမြင်ပါတယ်လို့ဖြေတယ်။
ဆရာက ဒါပဲမြင်တာလားလို့ ထပ်မေးတယ်။ ကျောင်းသားတွေက ဟုတ်တယ် အမဲစက်လေး ပဲမြင်ပါတယ်လို့ အဖြေပေးကြတယ်။

ဒီလိုနဲ့ ဆရာက ကျောင်းသားတွေအားလုံးကိုမေးလိုက်တယ်။ ဘာမြင်လည်း သေချာကြည့်ပြီး ထပ်ဖြေပေးပါဦး။ ကျောင်းသားအားလုံးကလည်း အနက်ရောင်အစက်လေးပဲ မြင်ပါတယ်လို့ဖြေတယ်။

အဲဒီမှာဆရာက ကျောင်းသားအားလုံးကို ခဏကြည့်ပြီး လေးနက်တဲ့ အသံနဲ့ပြောလိုက်တယ်။ "ဒီလောက်ကြီးတဲ့ အဖြူရောင် စက္ကူကိုမမြင်ကြပဲ အမဲစက်ကလေးကိုမှ ဘာလို့မြင်ကြတာလည်းတဲ့"

သင်ခန်းစာလေးကတော့
"လူ့လောကမှာလည်း လူတစ်ယောက်ရဲ့ မှားခဲ့တဲ့ အမဲစက်လေးကိုပဲမြင်နေမဲ့အစား၊ သူ့မှာရှိတဲ့ ကောင်းတဲ့ စိတ်ထားလေးကို မြင်အောင်ကြည့်ပေးသင့်ပါတယ်။"

ဒါမှ လူ့လောကကြီးဟာ ပျော်ရွှင်စရာကောင်းမှာပါ။ 


 ဒီကိစ္စ ပြေလည်သွားရင် ဒီမိုကရေစီလမ်းကြောင်း ပွင့်သွားမှာ စိုးနေလို့ပါလား။ မအုံ မပွင့်၊ မတင့်မတယ် ဘဝနဲ့ပဲ အရိုး ထုတ်ကြမှာလား။ အကြောက်တရား အောက်မှာ မှောက်ပြား နေခဲ့ရတဲ့ ပြည်သူတွေအတွက် ငဲ့ကွက်သင့် အဖြေရှာသင့်ပါပြီ။

အပြောနဲ့အလုပ် လွဲနေတဲ့ အုပ်ချုပ်ရေး ယန္တရား

မီးစင်ကြည့်ကပြီးသွားမယ့် ဒီမိုကရေစီ
သမ္မတကြီး သိပါစ …။ အမ်ပီစီက သိပါစ၊ ငြိမ်းချမ်းရေးဆို ထောင် ၇ လ …။
ဒီဇင်ဘာ ၅ ရက်က ရန်ကုန်မြို့ လှိုင်မြို့နယ် တရားရုံးရှေ့မှာ အမေအိုတဦး လက်ထဲကိုင်ထားတဲ့ စာတမ်းလေးပါ။ shwe aung article photo
ဓာတ်ပုံနဲ့ တင်ထားတာမို့ ကြည့်ရင်းနဲ့ စိတ်ထိခိုက်သွားမိပါတယ်။
ဒီရက်ပိုင်းမှာ ပုဒ်မ ၁၈တို့ ၅၀၅ (ခ)တို့နဲ့ တယောက်ပြီးတယောက် တဖွဲ့ပြီးတဖွဲ့ ဆက်တိုက် ဆိုသလို သတိမထားဘဲ မနေနိုင်လောက်အောင်ကို ထောင်ချနေတာ တွေ့ရပါတယ်။

လိုင်ဇာ လမ်းလျှောက်တဲ့ လူငယ်လေးတွေဆို ရန်ကုန် ပြန်ရောက်တာတောင် ကြာပါပြီ။ အခုမှ ထောင်ချပါတယ်၊ မြို့နယ် တမြို့နယ် ၁ လနှုန်းနဲ့ ၇ မြို့နယ် ၇ လ ထောင်ချပါသတဲ့။ ဒိုင်းခနဲ မေးခွန်းတခုက ပေါ်လာပါတယ်။
ရန်ကုန်နဲ့ လိုင်ဇာကြား မြို့နယ်ပေါင်းများစွာ ဖြတ်သန်းလျှောက်ခဲ့ကြတာ ဒီ ၇ မြို့နယ်ကပဲ တရားစွဲ ထောင်ချပြီး ကျန်တဲ့ မြို့နယ်ပေါင်းများစွာက ဒီတိုင်း လက်ပိုက်ကြည့်နေတာလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့နယ်တွေ အများကြီး ရှိနေလေသလား၊ ဒီပုံ၊ ဒီနည်း တရားစီရင်ရေးနဲ့ ဒီလို အုပ်ချုပ်ရေးပုံစံတွေနဲ့ ဒီမိုကရေစီကို ဘယ်လို သွားကြမှာတုန်း၊ ဒီလိုပဲ မီးစင်ကြည့်ကပြီး သွားတော့မှာလား။ မီးကလည်း မကြာမကြာ လာတာဆိုတော့ မီးစင်ကြီးအတွက် မီးစက်ကြီးလည်း တရုတ်က မှာထားဦးမှ။ စိတ်ပေါက်ပေါက်နဲ့ လျှောက်တွေးနေမိပါတော့တယ်။
မေးခွန်းထုတ်စရာတွေနဲ့ ပုဒ်မ ၁၈
အခု အစိုးရလက်ထက် နာမည်ကြီးလာတဲ့ ပုဒ်မ ၁၈ ဟာ မေးခွန်းထုတ်စရာတွေ အပြည့်နဲ့ပါ။ “တကိုယ်တော် အသံတိတ် ဆိုင်းဘုတ်ကိုင် ဆန္ဒပြတဲ့သူလည်း တရားစွဲခံ ရတယ်ဗျာ၊ တဦးထက်ပိုမှသာ စီတန်းလှည့်လည်ရာ မြောက်မှာပေါ့။ တဦးထက်ပိုမှသာ စုဝေးရာ မြောက်မှာပေါ့၊ တဦးချင်း ဆန္ဒပြတာကို ဘာဖြစ်လို့ ပုဒ်မ ၁၈ နဲ့ တရားစွဲပြီး ထောင်ချတာလဲ၊ ကျနော်တော့ မစဉ်းစားတတ်ဘူးဗျာ” ရန်ကုန်မြို့က တရားလွှတ်တော် ရှေ့နေကြီး ဦးအောင်သိန်းပြောတဲ့ စကားတခွန်းပါ။
ငြိမ်းချမ်းစွာဆိုတဲ့ အင်မတန် တန်ဖိုးရှိတဲ့ စကားလုံးဟာ ထောင်ချခံရတဲ့ စကားလုံးအဖြစ် ပြောင်းနေတာကိုတော့ ကျနော် လက်မခံနိုင်ဘူးဗျာလို့လည်း မှတ်ချက်ပေး ပြောခဲ့ပါသေးတယ်။ ဆရာ့စကား ကြားတော့ ဒီရက်ပိုင်း အတွင်းမှာပဲ မြို့တော်ခန်းမရှေ့ ဆိုင်းဘုတ်လေး ကိုင်ပြီး ဆန်္ဒပြနေတဲ့ အမယ်အိုတဦးကို ရဲတွေ ရဲကားပေါ် တင်ခေါ်သွားတဲ့ ဓာတ်ပုံ မျက်စိထဲ မြင်ယောင်လာမိပါတယ်။
ပုဒ်မ ၁၈ လွှတ်တော်ထဲ ပြင်ဖို့ ပြောတော့ ပြည်ထဲရေး ဒုဝန်ကြီးဆိုသူ ခုခံပြောခဲ့တာ မှတ်မိနေပါသေးတယ်။ ပြစ်ဒဏ်မပါတဲ့ ဥပဒေဟာ အားနည်းပါတယ်တဲ့။ ဥပဒေဆိုတာ ပြည်သူတွေကို အကာအကွယ်ပေးဖို့ပဲ ဖြစ်ရမယ်လို့ အမြော်အမြင်ကြီးသူတွေ ပြောနေတဲ့စကား အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ မကြားလေရော့သလား၊ ခုချိန်ထိ သူတို့ခေါင်းထဲ တို့တာဝန်အရေး ၃ ပါးပဲ ရှိနေသေး ကြလေသလား၊ တွေးကြည့်မနေပါနဲ့၊ တကယ်ပဲ အရင် အတိုင်း ပြုမူပြောဆိုနေကြတုန်းပါ။ ကိုယ့်ဘာသာ ပြန်အဖြေ ပေးမိရင်း သက်ပြင်းလည်း အကြိမ်ကြိမ် ချမိပါတယ်။ မနေ့တနေ့ကပဲ ပတ်မကြီး မထိုးဖောက်နဲ့လို့ ပြောသွားသေး မဟုတ်လား။
သမ္မတပြောလည်း ပြောပါပဲ။
သမ္မတက အောက်တိုဘာ ရေဒီယို မိန့်ခွန်းမှာ အခုလို ပြောသွားပါတယ်။
“ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်လို့ ထူးခြားမှု တရပ်ကတော့ ဒီနှစ် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်နဲ့ မြစ်ကြီးနား အစရှိတဲ့ မြို့ကြီးတွေမှာ ငြိမ်းချမ်းရေးပွဲတော်တွေကို ပြည်သူလူထုရဲ့ အသံနဲ့ ဆန္ဒတွေကို ထင်ဟပ်ပြီး ၀ိုင်းဝန်း ကျင်းပခဲ့ကြတာပဲ ဖြစ်ပါတယ်။
ပြည်သူလူထုရဲ့ ငြိမ်းချမ်းရေး လိုချင်တဲ့ဆန္ဒ၊ အထူးသဖြင့် တိုင်းပြည်တာဝန်ကို ပခုံးပြောင်း ထမ်းဆောင် ကြရမယ့် လူငယ်တွေရဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ ပြင်းပြတဲ့ ဆန္ဒကနေ ပေါက်ဖွားလာတဲ့ တက်ကြွလှုပ်ရှားမှုတွေနဲ့ အနုပညာ လှုပ်ရှားမှုတွေကို ကျနော်အနေနဲ့ အားရ ကျေနပ်မိပါတယ်။”

ဒီဇင်ဘာမှာ သမ္မတ ကျေနပ်အားရမိတဲ့ လူငယ်တွေကို တရားရုံးအသီးသီးက တက်ညီလက်ညီ ထောင်ချပါတော့တယ်။ ထောင်ချခံရတဲ့ လူငယ်တွေကလည်း ပြုံးပြုံး ပြုံးပြုံးနဲ့ အချုပ်ကားပေါ် တက်သွားကြတာ တွေ့ရပါတယ်။ ဒီဇင်ဘာလကုန် နိုင်ငံရေး အကျဉ်းသားအားလုံး သမ္မတက လွှတ်ပေးဖို့ ရှိနေလေတော့ သမ္မတ လွှတ်စရာ လူမရှိမှာစိုးလို့ ထောင်ထဲ လူစုပေးနေသလား သံသယဖြစ်စရာ ဖြစ်ရပါတယ်။ တရား စီရင်ရေးအာဏာကို အလွဲသုံးစား လုပ်နေတဲ့ သဘောလား ယူဆစရာတွေ ရှိလာပါတယ်။
လွှတ်တော်ထဲ ပုဒ်မ ၁၈ ပြင်ဖို့ ပြောနေဆိုနေချိန်မှာ အုပ်ချုပ်ရေးပိုင်းက အခုလို ထောင်ချ ပြနေလေတော့၊ ဒီကမောက်ကမ ဖြစ်ရပ်တွေ ကြည့်ပြီး ပြည်သူတွေမှာ အုပ်ချုပ်ရေး ယန္တရားနဲ့ တရား စီရင်ရေး ယန္တရားကို ဘယ်လိုလုပ် အားကိုးရပါ့မလဲ။
ပြည်သူ့အသံ နားထောင်မယ့် အစိုးရ၊ ပြည်သူ့အသံ လွှတ်တော်အသံဆိုတာတွေ ဘယ်မလဲ မေးခွန်းထုတ်စရာတွေ ဖြစ်ရပါတယ်။
ရာနဲ့ချီ အချုပ်နဲ့ တရား ရင်ဆိုင်နေကြရ
နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ပြန်ကြားရေး တာဝန်ခံ ဦးထွန်းကြည် ပြောပြလို့ သိရတာက သူတို့ လက်လှမ်းမီသလောက် ပုဒ်မ ၁၈ တို့ ၅၀၅(ခ) တို့နဲ့ ထောင်ကျသွားတဲ့သူ ၂၀ လောက် ရှိနေပြီး အချုပ်နဲ့ တရားရင်ဆိုင်နေရသူပေါင်းက ၂၀၀ ကျော် ရှိပါတယ်။
အစိုးရ အခုလို လုပ်နေတာတွေဟာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကို အငြိုးအတေးနဲ့ လုပ်နေတာမို့ သူတို့အနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့လည်း သူက ပြောပါတယ်။ သမ္မတပြောတဲ့ ဒီဇင်ဘာလကုန် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမယ်ဆိုတဲ့အပေါ် သံသယ ရှိတယ်။ ဒီပုံအတိုင်းတော့ မဖြစ်နိုင်ဘူးလို့ ယူဆတယ် လို့လည်း မှတ်ချက်ပေးပါတယ်။
သမ္မတ ပြောပြောနေတာတွေဟာ အောက်ခြေမှာ တကယ်ဖြစ်နေတာတွေနဲ့ အတော်ကို လွဲချော်နေတာမို့ အပြောရပ်ပြီး တကယ်လုပ်ပြဖို့ လိုလာပါပြီ။ သမ္မတ သက်တမ်း ထက်ဝက်ကျော်လာချိန်ထိ သမ္မတ ပြောခဲ့တဲ့ မိန့်ခွန်းပေါင်း ၄၀ ကျော်ခဲ့ပါပြီ။
သမ္မတ ပြောခဲ့တဲ့ မိန့်ခွန်းတွေအတိုင်း လက်တွေ့ အကောင်အထည် ပေါ်လာအောင် အုပ်ချုပ်ရေးယန္တရားထဲမှာ ပြုပြင် ပြောင်းလဲရေးတွေ အများကြီးလုပ်ဖို့ လိုနေပါပြီ။ နို့မို့ဖြင့်တော့ သမ္မတပြောတဲ့ စကားလုံးတွေ ဘယ်လောက်ကောင်းကောင်း ပြည်သူတွေက အသိအမှတ် မပြုတော့တာမျိုးတွေ ဖြစ်လာနေပါပြီ။
ဘယ်လို အုပ်ချုပ်ရေးတုန်း။
အခု ဒီစာရေးနေတုန်း အချိန်မှာပဲ အုပ်ချုပ်ရေး ယန္တရားကို မေးခွန်းထုတ်စရာ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါတယ်။ သင်္ဃန်းကျွန်း၊ မိကျောင်းကန်မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ သူတွေကို တပ်မြို့စည်ပင်တံဆိပ်နဲ့ အရပ်ဝတ်တွေက နံပါတ်တုတ်တွေ၊ တူတွေနဲ့ ရောက်လာပြီး အတင်း အဓမ္မ တံတိုင်း ၀င်ခတ်တဲ့ ဖြစ်ရပ်ပါ။
အဲဒီ တပ်စည်ပင်ဆိုသူတွေ ရောက်လာချိန် ရှိနေတဲ့ သတင်းထောက်တဦး ပြောပြချက်အရ မင်္ဂလာဒုံတပ်မြို့ စည်ပင်လို့ ရေးထားတဲ့ ကားပြာကြီးတွေ ထိုးဆိုက်လာတယ်၊ အင်္ကျီအနက်တွေ ကာကီရောင် ဘောင်းဘီတွေ ၀တ်ထားပြီး နံပါတ်တုတ်တွေ၊ တူတွေနဲ့ လူတွေ ကားတွေပေါ်က ခုန်ဆင်းလာတယ်။ ကား ၁ စီး ၁ စီးတိုင်းမှာ လူ ၅၀ လောက်ပါတယ်။ ကားတွေ အများကြီးပေါ်က အုပ်စုလိုက် အုပ်စုလိုက် ဆင်းချလာတယ်။
ထုဟ၊ ရိုက်ဟ အော်ပြီး သွပ်ပြားတွေနဲ့ တံတိုင်းဝင်ကာတယ်။ တွန်းထိုးမိလို့ လဲကျသွားတဲ့ အမျိုးသမီးတွေကို တက်နင်းတယ်။ သပိတ်စခန်းက အမျိုးသမီး ၁၀ ယောက်လောက် ဒဏ်ရာရ သွားတယ်၊ မိကျောင်းကန် ဆန္ဒပြသူတွေဆီ တပ်စည်ပင် ဆိုသူတွေ ရောက်ရောက် လာတာ ၃ ကြိမ်ရှိပြီ၊ ၂ ကြိမ်မှာ အခုလိုမျိုး ထိပ်တိုက်တွေ့တယ်။
အင်တာနက်ပေါ် ဓာတ်ပုံတွေ တက်လာလို့ ကြည့်လိုက်တော့ တပ်စည်ပင်ဆိုသူတွေဟာ အရပ်ဝတ်နဲ့ တကယ့် လူမိုက်ရုပ်တွေပါ။ စွမ်းအားရှင်တွေ တကျော့ပြန်လာလေ သလား၊ ဓာတ်ပုံတွေကြည့်ရင်း သောကများရပါတယ်။
လက်လှမ်းမီသလောက် မေးကြည့်တော့ တပ်မြို့တွေ ဥပမာ မိတီ်္ထလာ၊ ဗထူး၊ မင်္ဂလာဒုံ စတဲ့ တပ်မြို့တွေမှာ တပ်ဝင်း စည်ပင်သာယာရေးလုပ်ဖို့ ခန့်ထားတဲ့ အရပ်ဝတ် ၀န်ထမ်းတွေ ရှိတယ်လို့ သိရပါတယ်။ ဒါဆို မိကျောင်းကန် သပိတ်စခန်းကို ရောက်လာတဲ့ တပ်စည်ပင်တွေကို အဲဒီတပ်ရဲ့ တပ်မှူးက အမိန့်ပေးလို့ အခုလို လာလုပ်တာပေါ့။ စစ်တပ် အလုပ်က နိုင်ငံတော် ကာကွယ်ရေးအတွက်ပဲ လုပ်ရတာ မဟုတ်လား။
မနေ့တနေ့ကပဲ ကာကွယ်ရေး ဦးစီးချုပ် ရခိုင်ခရီးမှာ ပြောသွားသေးတယ်၊ စစ်တပ်ဆိုတာ နိုင်ငံတော်ကို ထာဝရ အကာအကွယ် ပေးနေရတဲ့ အဖွဲ့အစည်းတဲ့။ ဒါပါပဲ၊ အပြောတွေနဲ့ လုပ်နေတာတွေ လွဲနေပါတယ်။ ကြာရင် အရင်အတိုင်း မယုံဘဲ အရင်လို ပြန်ဖြစ်ကုန် ပါတော့မယ်။
ပြည်သူ့ခေတ်ဂျာနယ် အတွဲ – ၄၊ အမှတ် – ၁၇၅ မှ ရွှေအောင်၏ ဆောင်းပါးကို ပြန်လည်ဖော်ပြသည်။

Sunday, December 22, 2013

သား  . . .
ဘယ်တော့မဆို မှန်တာကိုပဲလုပ်။
ဘာကြောင့်လို့လဲဆိုတော့ အမှန်တရားဆိုတာ
ထာဝရသစ္စာမို့ပဲ။
မေမေ
ဒုတိယကမ္ဘာစစ်ကြီး ပြီးခါနီးတုန်းက ဂျပန်နိုင်ငံရဲ့ တောင်ဘက်တည့်တည့် မိုင် ၇၅၀ အကွာလောက်က 'အီယိုဂျီးမား' (Iwo Jima) ဆိုတဲ့ ကျွန်းကလေးပေါ်မှာ ကျဆုံးသွားတဲ့ အမေရိကန် မရိန်းတပ်သားလေး တစ်ယောက်ရဲ့ အင်္ကျီအိတ်ကပ်ထဲက ရရှိခဲ့တဲ့ စာလေးတစ်စောင် ဖြစ်ပါတယ်